ကိုဗစ်-၁၉ လူနာသစ် ၄၉၁ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၆ ဦးထပ်တိုး
DVB
·
January 16, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၉၁ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၆ ယောက်အနက် ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၀၀၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၉၁ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၇၁ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၁၂ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၅၉ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၇၇၂ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၃,၈၆၉ ယောက်၊ သေဆုံးသူ ၂,၉၄၂ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၇,၀၈၁ အယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၂ သန်းကျော်၊ ရောက်ဂါသက်သာပျောက်ကင်းသူ ၆၇ ဒသမ ၄ သန်းကျော်ရှိလို့ သိရပါတယ်။
မန္တလေးပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ အထူးကြပ်မတ်ကုသဆောင်(ICU)