Home
မြန်မာသတင်း
ကျောက်ဆည် စူပါဝမ်းမုန့်တိုက် ဝန်ထမ်းများ၏ မိသားစုဝင် ၅ ဦး ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိ
DVB
·
December 14, 2020
COVID-19 Kyauk Se
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈ ယောက် တနေ့တည်း တွေ့ခဲ့တဲ့ စူပါဝမ်းမုန့်တိုက် ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို ထပ်မံစစ်ဆေးရာမှာ အတည်ပြုလူနာ ၅ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ် အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။ “ကိုယ့်အိမ်ကိုယ်ပြန်ကြတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေမှာပါ ပိုးတွေ့နေရပြီဖြစ်လို့ ကျောက်ဆည်ဟာ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုအထိ ရောက်နေပါပြီ” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဒါ့အပြင် ပိုးတွေ့လူနာ ၁၈ ယောက် စတွေ့ခဲ့တဲ့ စူပါဝမ်းမုန့်တိုက်ဟာ အအေးခန်းဖြစ်ပြီး ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကလည်း mask တပ်လေ့မရှိတာကြောင့် ဆိုင်ဝင်ထွက်သူတွေကို ကူးစက်နိုင်ခြေ ရာခိုင်နှုန်းပြည့်ရှိနေတယ်လို့ ​ကျောက်ဆည် ကိုဗစ်ကော်မတီ လက်ထောက်ဆရာဝန် ယဥ်မင်းမင်းစိန်က ပြောပါတယ်။ ရောဂါအခံကြောင့် ဆေးရုံရောက်လာတဲ့ ကိုဗစ်အတည်​​ပြုလူနာ မုန့်တိုင်ပိုင်ရှင် အမျိုးသားကတဆင့် မိသားစုဝင် နဲ့ ဝန်ထမ်း စုစုပေါင်း ၁၇ ဦးကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာ အဲဒီမုန့်တိုက်ကို စျေးဝယ်ဝင်ထွက်ရှိသူတွေ ကွာရန်တင်းဝင်ကြဖို့ တိုက်တွန်းထားပြီး မုန့်တိုက်မှာ ကူးစက်မှုဖြစ်ပွားခဲ့တဲ့အပေါ် မြို့ခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။  ကျောက်ဆည်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၉၆ ဦးထိ ရှိသွားပြီလို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - Rescue Kyaukse

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013