မော်လမြိုင်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၉၃ ဦးကို ထောင်ဒဏ်ချမှတ်
DVB
·
December 5, 2020
မွန်ပြည်နယ်၊ မော်လမြိုင်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၉၃ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ အမိန့်ချအရေးယူထားတယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက DVB ကို ပြောပါတယ်။
ညမထွက်ရ အမိန့် ဖောက်ဖျက်သူတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကစ အရေယူးခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၉၃ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ အမိန့်ချမှတ်ခဲ့တာပါ။
ညမထွက်ရ အမိန့်ထုတ်ပြန်ရတာဟာ ကိုဗစ်ကာလမှာ ရောဂါအမြန်ဆုံး ထိန်းချုပ်ချင်လို့ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးဖို့ လိုတယ်လို့ ဦးဝေလင်းထွန်းက ဆိုပါတယ်။
ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညားထာတဲ့ အမိန့်ကို ဖီဆန်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူနေတာ ဖြစ်ပါတယ်။
ညမထွက်ရအမိန့်အရ နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားတဲ့ အချိန်အတွင်း နေအိမ်အပြင်ထွက်ရင် အရေးယူခံရာမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ ညမထွက်ရ အမိန့်ကို မော်လမြိုင်၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ ထုတ်ပြန်ထားတာပါ။