Home
မြန်မာသတင်း
ရေးမြို့ ရှေးဟောင်းကျုံးရှိ အောက်ကျုံးကို ကျပ်သန်း ၂၇၈ ကျော်အကုန်အကျခံ ပြန်တူးဖော်မည်
DVB
·
December 4, 2020
129012543_500084050952600_3338555877781480993_n
128143089_500083980952607_4163772634842505947_n
127866405_500083934285945_3107173082586853797_n
127861516_500084010952604_5670536914897480290_n
မွန်ပြည်နယ်၊ ရေးမြို့ရှိ ရှေးဟောင်းကျုံးတော်ကြီးရဲ့ အောက်ကျုံးကို ကျပ်သန်း ၂၇၈ ကျော်အသုံးပြုပြီး ပြန်လည်တူးဖော်သွားမယ်လို့  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ကနေသိရပါတယ်။ နွေရာသီဆို ရေခမ်းခြောက်လေ့ရှိတာကြောင့် ရေသိုလှောင်ဖို့ ရေအရင်းမြစ်နေရာ တခု ဖြစ်စေဖို့နဲ့ အပန်းဖြေအနားယူတဲ့ သာယာလှပစေဖို့ အပြင် မီးဘေးအန္တရာယ်အတွက်လည်း တဖက်တလမ်းက အထောက်အကူပြုနိုင်ဖို့ ပြန်လည်တူးဖော်ရတာဖြစ်တယ်လို့  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မွန်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ်ကလည်း အပေါ်ကျုံးကိုလည်း ကျပ်သန်းပေါင်း  ၁၂၁ သန်း အကုန်ကျခံ သုံးစွဲခဲ့ပါတယ်။  အခု အောက်ကျုံးကို ကျပ်သန်း ၂၇၈ ဒသမ ၅၄၅ သန်း ကုန်ကျခံပြီး  ပြန်လည် တူးဖော်သွားမှာဖြစ်ပြီး တင်ဒါအောင်မြင်မယ့်ကုမ္ပဏီက သတ်မှတ်ထားတဲ့ မေလကုန်အထိ ရာနှုန်းပြည့် ပြီးစီးတဲ့အထိတာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှေးဟောင်း ကျုံးတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်ကစပြီး ရှေးမွန်ဘုရင်အဆက်ဆက်တို့က ခံတပ်မြို့အသွင်အသုံးပြုခဲ့တဲ့  သမိုင်းအမွေအနှစ် ကျုံးကြီးဖြစ်တယ်လို့ ရေးမြို့သမိုင်းမှတ်တမ်းတွေမှာ  ဖော်ပြထားပါတယ်။ သတင်း - နေမျိုးထွဋ်  (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024