မိုးကုတ် ကျောက်မျက်တွင်းဟောင်းတွင် အောက်စီဂျင်ပြတ်ပြီး လူ ၁ ဦးသေဆုံး
DVB
·
December 3, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင်ရပ်ကွက်က ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းတစ်ခုထဲမှာ ဒီဇင်ဘာ ၂ ရက်နေ့က လူတစ်ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ကျောက်မျက်တူးဖော်တဲ့ တွင်းဟောင်းတစ်ခုမှာ အခင်းဖြစ်ပွားကြောင်း နေ့လယ် ၂ နာရီလောက်မှာ သတင်းရတာဖြစ်ပြီး ကယ်ဆယ်ရေးတွေရောက်ရှိတဲ့အချိန်မှာ ဒေသခံတွေက ကယ်ဆယ်ထားပြီးဖြစ်ကာ သေဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြတ်စေတနာအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်း တွင်းထဲကနေ ကယ်ဆယ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ သေဆုံးသွားသူရဲ့ အလောင်းကို မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ပါတယ်။
သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - မြတ်စေတနာ လူမှုကူညီရေးအသင်း