Home
မြန်မာသတင်း
မိတ္ထီလာတွင် ကျန်းမာရေးထောက်ခံစာအတုကိုင်ဆောင်သည့် ယာဉ်မောင်းကို အရေးယူ
DVB
·
November 26, 2020
127274668_3439050976233895_6273974254414478078_o
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မြတ်နိုးသူတိုးဂိတ်မှာ နိုဝင်ဘာ ၂၅ ရက်က ကျိုင်းတုံဘက်ကိုသွားမယ့် လိုက်ထရပ်ကား ယာဉ်မောင်း တစ်ဦးကို စစ်ဆေးရာ ကျန်းမာရေးစစ်ဆေးချက်ထောက်ခံစာအတု ကိုင်ဆောင်ထားတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဖမ်းဆီးအရေးယူလိုက်တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။ မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲအရာရှိ တစ်ဦးက "မြို့အဝင်မှာ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေပါတဲ့ ပူးပေါင်းအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးမှုလုပ်နေတာပါ။ လိုက်ထရပ်ယာဉ်မောင်းဆီမှာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာစစ်ဆေးချက် ထောက်ခံစာအတုကို တွေ့လို့ လက်ထောက်ကျန်းမာရေးမှူးက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပါတယ်" လို့ ပြောပါတယ်။ မကွေးမြို့နယ်၊ ကြာကန်ရွာနေ လိုက်ထရပ်ယာဉ်မောင်း   ကိုသိန်းဝင်း(၂၈နှစ်)ကို မိတ္ထီလာမြို့မရဲစခန်းမှာ  လက်ထောက်ကျန်းမာရေးမှူး ဦးအာကာဖြိုးက တရားလိုပြုလုပ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃နှစ်အထိ ချမှတ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅/ပုဒ်မ ၃၀(က)တို့နဲ့ ဖမ်းဆီးအရေးယူ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-မိတ္ထီလာယာဉ်ထိန်းတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024