Homeမြန်မာသတင်း
နွားထိုးကြီးနှင့်ချောက်မြို့နယ်တို့ရှိ စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းချက် စစ်ဆေး
နွားထိုးကြီးနှင့်ချောက်မြို့နယ်တို့ရှိ စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းချက် စစ်ဆေး
DVB
·
November 21, 2020
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မကွေးတိုင်း ချောက်မြို့နယ်တွေမှာရှိတဲ့ စားသောက်ဆိုင်တွေကို ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်ထားတာ ရှိမရှိ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ၂၁ ရက်နေ့တွေမှာ စစ်ဆေးခဲ့တာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့စည်းတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး လက်ဖက်ရည်ဆိုင်ကြီးအချို့နဲ့ စားသာက်ဆိုင်တချို့မှာ ဆိုင်ထိုင်စား သောက်နေတာတွေ တွေ့လာရတဲ့အတွက် သတ်မှတ်စည်းကမ်းနဲ့ ကိုက်ညီမှု ရှိစေဖို့ စစ်ဆေးတာဖြစ်ကာ အခုစစ်ဆေးမှုအတွက် အရေးယူမှု မရှိသေးဘူးလို့ နွားထိုးကြီးမြို့နယ်က စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။
ချောက်မြို့နယ်မှာတော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်မရသေးပဲ လကုန်လောက် ပြန်လည် ဖွင့်လှစ်နိုင်အောင် ရည်မှန်းထားပြီး အရင်လို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြည့်စုံမှု ရှိမရှိ လိုက်လံစစ်ဆေးပြီး တိုင်းအစိုးရကို ပြန်လည် တင်ပြသွားမယ်လို့ ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောပါတယ်။
ကိုလင်း၊ဇာဇာမောင်