ကြံ့ခိုင်ရေးပါတီထောက်ခံသူ အမျိုးသမီး ၁ ဦး ရန်ကုန်မြို့လယ်တွင်ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
November 20, 2020
ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ အမျိုးသမီး တစ်ဦးက ရန်ကုန်မြို့လယ်မှာ နိုဝင်ဘာ ၂၀ရက် နေ့လည်က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လာရောက်ဝန်းရံသူ ၅၀ ကျော်လောက်ရှိပြီး တစ်နိုင်ငံလုံးမှာ မဲမသမာမှုတွေ ဝိုင်းဝန်းဖော်ထုတ်ဖို့နဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းဖို့အပါအဝင်အချက်ပေါင်း ၆ ချက်ကိုတောင်းဆိုခဲ့ပါတယ်။
Photo - Ye Myo Khant / MPA