မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဇွန်လ ၁၇ ရက် နေ့ခင်း ၁ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးကို အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှံ့ပန်းရပ်ကွက်နေ ဒေါ်စိုးစိုးရီကို သူ့ရဲ့ နေအိမ်မှာလာရောက်ဖမ်းဆီးတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသလဲဆိုတာကိုတော့ မသိရဘူးလို့ဆိုပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်သားတွေက ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီး မြို့ထဲပတ်သွားတာ ၊ လမ်းမှာစစ်ဆေးတာတွေ တင်းကျပ်လုပ်ဆောင်နေပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန်လ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
Photo. Crd