ဒဂုံဆိပ်ကမ်းတွင် ထောက်ပံ့ငွေနှင့် ပတ်သက်ပြီး စကားများ ခိုက်ရန်ဖြစ်
DVB
·
November 20, 2020
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ ၆၀/၆၁ ရပ်ကွက်မှာ နိုင်ငံတော်ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ် ထုတ်ယူတာနဲ့ ပတ်သက်ပြီး အချင်းချင်းစကားများ ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့် တိုင်ကြားမှု နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အခုဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေက ရာအိမ်မှူးရဲ့အမျိုးသမီး၊ ယောက္ခမဖြစ်သူနဲ့ ထောက်ပံ့ငွေ ထုတ်ယူမယ့် အမျိုးသမီးတို့ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှုးက ထောက်ပံ့ကြေးယူမယ့် အမျိုးသမီးတဦးကို လက်ခံရရှိကြောင်း လက်မှတ် ရာအိမ်မှူးဆီ သွားထုတ်ခိုင်းတဲ့အခါမှာ ရာအိမ်မှူးနဲ့ အချေအတင်စကားများကြပြီး ခိုက်ရန်ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ ရဲစခန်းမှာ အပြန်အလှန်အမှုဖွင့်ထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
နိုင်ငံတော်အစိုးရက အခြေခံလူတန်းစားတွေကို ပထမအကြိမ်အခြေခံစားသောက်ကုန် ၅ မျိုးဆီထောက်ပံ့ခဲ့ပြီး ငွေသားထောက်ပံ့မှုက အခုဆိုရင်လေးကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။
အိသဇင်ခိုင်