Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ရွေးကောက်ပွဲကော်မရှင်ကို DNP ပါတီဝင်များဆန္ဒပြ
DVB
·
November 17, 2020
DNP
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက် မမှန်ကန်ဘူးဆိုပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP) ပါတီဝင်တွေက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှမ်းပြည်နယ် ကော်မရှင်ရုံး ရှေ့မှာ ဒီက‌နေ့ လာရောက် ဆန္ဒပြပါတယ်။ ကော်မရှင်အနေနဲ့ မှန်ကန်မျှတမှုမရှိတဲ့အကြောင်းနဲ့ မဲမသမာမှုတွေ ပွင့်လင်းမြင်သာမှုတွေမရှိတဲ့အတွက် ခုံရုံးဖွဲ့ပြီးပြန်လည်စစ်ဆေးပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ အခု  ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်က အာဏာရှင်ကို အားပေးအားမြောက်နေတယ်လို့လည်း  ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်တဲ့ DNP ပါတီဝင် ဦးဝင်းဗိုလ်က ပြောပါတယ်။ အဲဒီဆန္ဒဖော်ထုတ်ပွဲကို အေးသာယာမြို့ကနေ မော်တော်ယာဉ်တွေနဲ့ အေးသာယာ-တောင်ကြီး(ပြည်ထောင်စုလမ်းမကြီး) လမ်းအတိုင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို ရောက်ရှိကာ အဲဒီရုံးရှေ့မှာ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)ကို အင်အား၂၀ နဲ့  ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်က ပါတီတည်ထောင်ခွင့်စတင်လျှောက်ထားခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ရက်မှာ ပါတီတည်ထောင်ခွင့်ရရှိခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024