Homeမြန်မာသတင်း
မွန်ပြည်နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ်သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့မည်
မွန်ပြည်နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ်သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့မည်
DVB
·
November 14, 2020
မွန်ပြည်နယ်က အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ငွေကျပ် သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးက DVB ကို ပြောပါတယ်။
အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့ရာမှာတော့ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home ထုတ်ပြန်ထားတဲ့ အိမ်ထောင်စု ၁ စုကို ကျပ် ၄၀၀၀၀ နှုန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်က အခြေခံလူတန်းစား အိမ်ထောင်စုတွေ ရရှိမှာ ဖြစ်ပါတယ်။
နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မကြေညာထားတဲ့ ကျန်မြို့နယ် ၈ မြို့နယ်ရှိ အိမ်ထောင်စုတွေကတော့ အိမ်ထောင်စု ၁ စုကို ငွေကျပ် ၂၀၀၀၀ နှုန်း ရရှိမှာ ဖြစ်ပါတယ်။
ထောက်ပံ့ပေးမယ့် ငွေကြေးတွေကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက စတင်ထောက်ပံ့လာတာ ဖြစ်ပြီး အခုဆိုရင် ၆ ကြိမ်မြောက် ထောက်ပံ့တာလည်း ဖြစ်ပါတယ်။