ကွတ်ခိုင်တွင် ကြံ့ခိုင်ရေးပါတီက ၃ နေရာ၊ တအာင်းအမျိုးသားပါတီက ၁ နေရာနိုင်
DVB
·
November 11, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တအာင်းအမျိုးသားပါတီ (TNP) က လွှတ်တော်နေရာ ၁ နေရာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာ ၃နေရာ အနိုင်ရရှိသွားတယ်လို့ မြို့နယ် ကော်မရှင်က အတည်ပြုထုတ်ပြန်ပါတယ်။
အမျိုးသားလွှတ်တော်နေရာမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးအောင်ရင်၊ ပြည်သူ့လွှတ်တော်နေရာမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသူရလွင်၊ ရှမ်း ပြည်နယ်လွှတ်တော်(၁)မှာ တအာင်းအမျိုးသားပါတီက ဦးကြာထွန်းနဲ့ ရှမ်း ပြည်နယ်လွှတ်တော်(၂) မှာ ကြံ့ခိုင်ရေးပါတီက ဦးနော်အောင် တို့က အသီးသီး အနိုင်ရရှိခဲ့တာပါ။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းအရ အမျိုးသားလွှတ်တော် ဦးအောင်ရင်က ၂၁,ဝ၂၂ မဲ ၊ ပြည်သူ့လွှတ်တော် ဦးသူရလွင်က ၂၂,၁၉၁ မဲ ၊ ပြည်နယ်လွှတ်တော်(၁) ဦးကြာထွန်းက ၁၂,၃၂၅ မဲနဲ့ ပြည်နယ်လွှတ်တော်(၂) ဦးနော်အောင်က ၁၄,ဝ၁၄ မဲ အသီးသီးရရှိခဲ့ကြပါတယ်။
သတင်း/ ဓာတ်ပုံ - မိုင်းညီဝင်းမောင်