ရွှေဘိုခရိုင်တွင် အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်လုံး အနိုင်ရ
DVB
·
November 9, 2020
ရွှေဘိုခရိုင်အတွင်းမှာ အန်အယ်လ်ဒီပါတီက လွှတ်တော် သုံးနေရာလုံး အနိုင်ရရှိခဲ့တယ်လို့ ခရိုင်ရွေးကောင်ပွဲကော်မရှင်က သိရှိရပါတယ်။
ခရိုင်အတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူလွှတ်တော်၊ တိုင်းဒေသကြီး (၁) နဲ့ (၂) စုစုပေါင်း ၁၉ နေရာမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိတာလို့ ရွှေဘိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပြည့်သူလွှတ်တော်နေရာမှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄၉၇၈၉ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၈၀၇၈ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၁၁၁ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇၃၃ မဲ၊ အမျိုးသားလွှတ်တော်မှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄၉၇၈၉ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီ ၂၈၀၇၈ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၁၀၀ မဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၁၃၃၇ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီ မှ ၁၅၅၆၀ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၄၄၂ မဲ၊ တစညပါတီက ၈၇၄ မဲ၊ တစ်သီးပုဂ္ဂလက ၂၉၈၆မဲ ရရှိပါတယ်။
တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်နေရာမှာ လက်ရှိ ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ဒေါက်တာမြင့်နိုင်ရဲ့ မဲဆန္ဒနယ်ဖြစ်ပြီး အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၇၁၄၁ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၉၆၂၁ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၄၃၆ မဲ၊ တစ်သီးပုဂ္ဂလ ၁၄၁၃ မဲ အသီးသီး ရရှိခဲ့ပြီး အန်အယ်လ်ဒီပါတီက ခရိုင်တခုလုံးမှာ လွှတ်တော်သုံးရပ်လုံး အနိုင်ရရှိခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
သတင်း - ချိုသဲကြည်