Home
မြန်မာသတင်း
ဝိုင်းမော်တွင် စည်ပင်၀န်ကြီးအပါအဝင် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရ
DVB
·
November 9, 2020
124227776_3404827439632599_2191147336623256297_o
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ လက်ရှိ စည်ပင်၀န်ကြီးဦးနော်လီအပါအဝင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအားလုံး ထပ်မံအနိုင်ရရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီတာ၀န်ရှိသူက ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ  ဦးဇယ်ခါင်၊ ပြည်သူ့လွှတ်တော်မှာ ဦးလဂန်ဇယ်ဂျုံး ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်  ၁ မှာ ဦး၀င်းညွန့်နဲ့ လက်ရှိစည်ပင်၀န်ကြီး ဦးနော်လီက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်  ၂ မှာ အသီးသီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အန်အယ်လ်ဒီကိုယ်စားလှယ် ၄ ယောက်စလုံးအနိုင်ရတဲ့အကြောင်းကို ဝိုင်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။  ဒီနေ့မနက် ၇ နာရီကျော်အထိ ဆန္ဒမဲတွေ ဆက်လက်ရေတွက်နေဆဲဖြစ်ပေမဲ့ ဦးနော်လီက ပြည်နယ်လွှတ်တော် အမှတ်  ၂ မှာ မဲ အရေအတွက် ၅၀၀၀ ‌ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝိုင်းမော်မြို့နယ်အတွင်း  နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၄၁ ယောက်၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။  သတင်း- ဇုန်းကျန်း CJ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024