မချမ်းဘောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီ အနိုင်ရ
DVB
·
November 9, 2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ပြည်သူ့လွတ်တော်နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်လောင်း ဦးအဂျောန်လှအောင်က အနိုင်ရရှိသွားပါတယ်။
ဦးအဂျောန်လှအောင်ဟာ မချမ်းဘောမြို့နယ် နမ်ခမ်ရွာဇာတိဖြစ်ပြီး ဒီကနေ့ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပူတာအိုခရိုင်အတွင်း ပထမဆုံး အန်အယ်လ်ဒီ လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦး အနိုင်ရရှိတာ ဖြစ်ပါတယ်။
တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။
ဖေနောင်းအောင်(ပူတာအို)