ကနီမြို့နယ်တွင် ကြိုတင်မဲများ ရေတွက်ပြီးစီး၊ အန်အယ်လ်ဒီပါတီ အနိုင်ရ
DVB
·
November 9, 2020
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲတွေ ရေတွက်ပြီးစီးခဲ့ပြီး အန်အယ်လ်ဒီပါတီက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ပြည်တွင်းနဲ့ ပြည်ပ ကြိုတင်မဲတွေကို ဒီနေ့ညနေ ၄ နာရီမှာ စတင်ရေတွက်ခဲ့တာလို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်အေးဆီက သိရပါတယ်။
ပြည့်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ၃၆၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၄ မဲ ရရှိပြီး ပယ်မဲက ၁ ရှိပါတယ်။
အမျိုးသားလွှတ်တော်နေရာမှာတော့ အန်အယ်လ်ဒီပါတီက ၃၆၆ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၄ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၂ မဲနဲ့ ပယ်မဲ ၁ မဲရှိပါတယ်။
တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မှာ အန်အယ်လ်ဒီပါတီက ၂၁၁ မဲ၊ ကြံ့ခိုင်ရေးပါတီက ၅ မဲနဲ့ ပယ်မဲ ၁ မဲ၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၂ မှာ အန်အယ်လ်ဒီပါတီက ၁၆၁ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၁ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၁ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ၃ မဲရှိတယ်လို့ သိရပါတယ်။
ကနီတမြို့နယ်လုံး အတိုင်းအတာအနေနဲ့ ကြိုတင်မဲတွေမှာ အန်အယ်လ်ပါတီက အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကျော်မင်းသန့်