ဖားဆောင်းမြို့ မဲရုံအမှတ် (၁) တွင် အမျိုးသမီး ၁ ဦး မဲ ၂ ကြိမ်ပေးမှုဖြစ်
နော်နိုရင်း
·
November 8, 2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက် မဲရုံအမှတ် (၁) မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး မဲ ၂ ကြိမ် ပေးမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမျိုးသမီးဟာ ဒီကနေ့မနက်က မဲတခါပေးပြီးသွားပြီး အိမ်မှာ မသန်စွမ်းရှိလို့ ကိုယ်စားထည့်ဖို့ ပြောဆိုခဲ့ရာ ရပ်ကျေးကော်မရှင်က ပေးခွင့်မရှိတော့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ မွန်းလွဲပိုင်း ၁ နာရီကျော်မှာ နောက်ထပ်ဝတ်စုံတခုနဲ့ ကိုယ်စား ဒုတိယတခု ထပ်လာပေးခဲ့တယ်လို့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးက ပြောပါတယ်။
သူဟာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ထည့်ပြီးမှ မဲရုံတာဝန်ကျဆရာမတဦးက မှတ်မိသွားကာ တိုင်တန်းလိုက်တဲ့အတွက် သူ့ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။