ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်တချို့(ဓာတ်ပုံ)
DVB
·
November 8, 2020
ဒီကနေ့ကတော့ မြန်မာနိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ နေ့တနေ့ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲပေးရမယ့် နေ့တနေ့ ဖြစ်ပြီး တနိုင်ငံလုံး ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း မဲရုံတွေကို တာဝန်သိသိ သွားရောက်မဲ ထည့်ခဲ့ကြတာကို တွေ့ရပါတယ်။
မဲရုံတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး တက်ကြွတဲ့ ပြည်သူတွေက မနက် ၅ နာရီလောက်ကတည်းက စောစောထ မဲပေးခဲ့ကြတာကိုလည်း တွေ့ရပြီး သူတို့ထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း ပါဝင်နေတာပါ။
သရုပ်ဆောင် ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ “နိုင်တဲ့မဲတွေထဲက တမဲလေးဟာ ကိုယ့်မဲ ဖြစ်ဖို့ မနက်၅နာရီကတည်းကတန်းစီ မဲပေးခဲ့ပါသည်👍👍👍 ဒါပဲ 😎 ဦးနှောက်ကိုရော နှလုံးသားကိုရောမေးလို့ကတော့ အဖြေက တစ်ခုတည်းမို့လေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအချစ်တော် သရုပ်ဆောင် ဒေါင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ“တို့လက်နဲ့ရွေးချယ်၊ မဲပေးမယ် #comment မှာ လက်သန်းလေးတွေပြကြမယ်”လို့ ရေးသားမျှဝေလာခဲ့တာပါ။
အဆိုတော် ပိုပိုကတော့ သရုပ်ဆောင် အလင်းရောင်နဲ့အတူ မဲပေးခဲ့တဲ့ ပုံတွေနဲ့အ တူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုရေးသားပြီး ပရိသတ်တွေကို ကျီစယ်ပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“I Voted ❤️ မဲပေးပြီးပါပြီ… နိုင်ငံသား တယောက်ရဲ့ တာဝန်ကျေပါပြီရှင်… ဪ… ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ… ရွေး ကောက်ပွဲ ဖူးစာပေါ့ 🙄❤️#popo #Myanmarelection2020”
အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး အမှတ်တရဓာတ်ပုံတချို့ကို မျှဝေထားခဲ့တာပါ။
“တာဝန်ကျေခဲ့ကြောင်း၊ ခိုင်လုံမှတ်တမ်း😂😂😂❤️ ကြည်ဖြူသျှင် ၈ - ၁၁ - ၂၀၂၀”
မြန်မာအိုင်ဒေါစတားဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ကတော့ “မင်္ဂလာရှိသော နံနက်ခင်းလေးပါ… ကျန်းမာချမ်းသာကြပါစေ🙏🙏🙏❤️❤️❤️… တာဝန်ကျေခဲ့ပြီ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့”လို့ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားပြီး မဲပေးပြီးကြောင်း မျှ ဝေလာခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြတဲ့ လူမင်းနဲ့ ရာဇာနေဝင်းတို့ရဲ့ မဲပေးမှုပုံရိပ်တွေကိုတော့ လူမင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ “8.11.2020 သမိုင်းပေးတာဝန်ကျေခဲ့ပြီ”လို့ ရေးသားပြီး မျှဝေထားခဲ့တာပါ။
နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မြန်မာကေပေါ့ပ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဝီလျှံကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေး သားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“ကိုယ်ချစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံသားတိုင်း မဖြစ် မနေ ပြုလုပ်သင့်တဲ့ တာဝန်တစ်ခုကို ကျွန်တော်ကတော့ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးပြီ ☑️🇲🇲 သင်ရော...? #VoteMM #Vote2020 #WilliamTun”
စူစူလို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုကလည်း “မဲပေးခဲ့ ပြီးပြီ #suusuu”လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေ ထားခဲ့ပါတယ်။
ပရိသတ်အချစ်တော် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးကတော့ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့ တာပါ။
“🌞နံနက်ခင်းအလင်းရောင်တွေနဲ့အတူ အနာဂတ်နေ့ရက်များတောက်ပဖို့ အသဲ❤ကြားကမဲတပြား✍📮အတွက် ...နေတိုး”
မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလည်း မိ ခင်ဖြစ်တဲ့ အဆိုတော် အိအိ၊ အစ်ကိုဖြစ်သူတို့နဲ့ သွားရောက်မဲပေးခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံနဲ့အတူ “We VOTED ❤️”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေလာခဲ့တာပါ။
နာမည်ကြီး မိတ်ကပ်ပညာရှင် အလှဖန်တီးရှင်တယောက်ဖြစ်တဲ့ ခင်စန်းဝင်းက တော့ “မနက် ၅ နာရီထ ၆ နာရီအရောက်သွားပြီး မဲပေးခဲ့ပြီ… နိုင်ငံသားတယောက်အ နေနဲ့တာဝန်ကျေခဲ့ပါပြီ”လို့ ရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်မှာ မဲပေးမှုအမှတ်တရ ဓာတ်ပုံ တွေ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အေး ဝတ်ရည်သောင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ “Hoping For Justice #vote2020”လို့ ရေးသားပြီး မိသားစုနဲ့ မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့တာ ဖြစ်ပါတယ်။