ကော့မှူးမြို့နယ်တွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးနေကြသည့် မြင်ကွင်း (ဓာတ်ပုံ)
ရန်နိုင်ဇော်ဝင်း
·
November 8, 2020
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကောမှူးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈,၀၀၀ ကျော်ရှိရာမှာ ဒီနေ့ မွန်းလွဲ ၂ နာရီအထိ ကြိုတင်မဲ ၁၄၀၀၀ ဝန်းကျင်အပါအဝင် မဲပေးခွင့်ရှိသူ ၇၀ ရာခိုင်နှုန်းမဲပေးပြီးဖြစ်တယ်လို့ မြို့နယ်ကော်မရှင်က ပြောပါတယ်။
ကော့မှူးမဲဆန္ဒနယ်မှာ ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅ ဦး ၊ တသီးပုဂ္ဂလ ၄ ဦး စုစုပေါင်း ၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။