ခန္တီးမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်ကျန်းမာရေး စည်းကမ်းနှင့်အညီမဲပေး
DVB
·
November 8, 2020
ခန္တီးမြို့ နားမေတ္တာမဲရုံမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၈ ရက်နေ့ မနက်က မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနေကြပါတယ်။
ရာနဲ့ချီနဲ့မဲဆန္ဒရှင်တွေဟာ မဲရုံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် စည်းကမ်းချက်များနဲ့အညီ လာရောက်မဲပေးနေကြပါတယ်။
ခန္တီးမြို့နယ်မှာ မဲရုံပေါင်း ၃၄ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၁,၃၈၄ ခန့်ရှိပြီး နိုင်ငံရေးပါတီ ၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးကြသူတွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ ၅၀၀ လောက် ပိုမိုများတယ်လို့ ခန္တီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။
ဆန္ဒမဲပေးသူတွေ စိတ်အေးချမ်းမြေ့စွာပေးနိုင်ဖို့ မဲရုံတွေတိုင်းမှာ လုံခြုံရေးကိုလည်း ရဲနဲ့ စေတနာ့ဝန်ထမ်းတွေက တာဝန်ယူထားပါတယ်။
သတင်း၊ ဓာတ်ပုံ- အောင်ဆန်းမြင့်