မန္တလေးတွင် လက်ပစ်ဗုံးပုံစံ မီးခြစ်တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးသိမ်းဆည်း
DVB
·
November 4, 2020
မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၄ လမ်း ၂၇ လမ်းနဲ့ ၂၈ကြား ရေနီမြောင်းဘေးမှာ နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီကျော်က ဗုံးလို့ ယူဆရတဲ့ အရာတစ်ခု တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီ မသင်္ကာစရာ ပစ္စည်းဟာ zong long တံဆိပ်နဲ့ ပင်ပုံစံလက်ကိုင်ကွင်းပါ စစ်စိမ်းရောင်လက်ပစ်ဗုံးပုံစံဖြစ်ပြီး အမြင့် ၄ လက်မခန့် အချင်း ၁ လက်မခွဲခန့်ရှိတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ က သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးလိုက်တဲ့ အခါမှာတော့ လက်ပစ်ဗုံးပုံစံပြုလုပ်ထားတဲ့မီးခြစ်ဖြစ်နေပြီး ဂက်စ်ကုန်နေတာကို တွေ့ရတဲ့အတွက် ည ၆ နာရီကျော်လောက်မှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် ညပိုင်းကလည်း မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ အုပ်စု၊ ကျောက်ချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီးမှာ ချိန်ကိုက်ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး အမှတ် ၉၁၀ အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ရပါတယ်။
သတင်း-နိုင်လင်းဦး