ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅ ဦး ထပ်တွေ့
DVB
·
November 3, 2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ နိုဝင်ဘာ ၂ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅ ယောက် ထပ်တိုးလာတယ်လို့ လွှတ်တော်အမတ်ဒေါ်ရှားမီးက ပြောပါတယ်။
ပိုးတွေ့လူနာ ၁၅ ယောက်ကို ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှစစ်ဆေး အဖြေတွေ့ရှိ ခဲ့တာဖြစ်ပြီး အားလုံးရဲ့ ကျန်းမာရေးကောင်းမွန်နေကာ အောက်ဆီဂျင်ပေးရတဲ့ အနေအထားထိ မရောက်ရှိသေးဘူးလို့ မြို့ခံ ကိုဗစ်ကော်မတီ အဖွဲ့ဝင် ဦးသန့်ဇင်က ပြောပါတယ်။ ကလေးမြို့နယ်မှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက်ရှိပါ။
သတင်း - ပြည့်ဖြိုးကိုကို