မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကြိုတင်မဲပေး (ဓာတ်ပုံ)
DVB
·
October 29, 2020
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မနက်မှာ ကြိုတင်မဲတွေ စပေးနေကြပါတယ်။
အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဆောင်မိခင်တွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ရွေးကောက်ပွဲသတင်းရယူမယ့် သတင်းသမားတွေ၊ မဲရုံတာဝန်ကျသူတွေအပါအဝင် ကြိုတင်မဲပေးခွင့်ရှိသူတွေက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာတွေမှာ ကြိုတင်ဆန္ဒမဲပေးနေကြတာပါ။
မြဝတီမြို့မှာ အမှတ် ၁ ရပ်ကွက်မှ အမှတ် ၅ ရပ်ကွက် အထိ ရပ်ကွက်ပေါင်း ၅ ခု ရှိပြီး ရွေးကောက်ပွဲဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီပေါင်းက ၈ ပါတီရှိပါတယ်။
ဖိုးစီ