Homeမြန်မာသတင်း
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် ကြိုတင်မဲပေး
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် ကြိုတင်မဲပေး
နေဖြိုးဝင်း
·
October 29, 2020
နို၀င်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက်က နေပြည်တော်ကောင်စီ၀င်းအတွင်းရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မိမိနေရပ်ကို ပြန်ပြီး ဆန္ဒမဲမပေးနိုင်တဲ့ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေဟာ ပုံစံ ၁၅ နဲ့ လျှောက်ထားပြီး ကြိုတင်မဲပေးကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲပေးမှာဖြစ်သလို၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟန်းမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲပေးမှာဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတဝန်းက မဲရုံတွေ အသီးသီးမှာ လည်း အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ ကြိုတင်မဲ စပေးနေကြပါတယ်။