ချင်းတွင်းမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်
DVB
·
October 24, 2020
ချင်းတွင်းမြစ်ရေဟာ အခုရက်ပိုင်းအတွင်း မြို့ ၃ မြို့ရဲ့ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေလောက် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၇ ပေလောက်မှာရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
ဒါကြောင့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နဲ့ မော်လိုက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။