Home
မြန်မာသတင်း
ဗကသ ကျောင်းသား ၃ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
October 22, 2020
122373671_10158593029037305_6842471969575113067_o
122290836_10158593028837305_3655920558113921062_o
122086411_10158593028797305_182718657672712258_o
122052006_10158593028987305_2432940782333596288_o
122145086_10158593029002305_2368885688162429636_o
122179695_10158593028677305_6185697106623608992_o
122030334_10158593028632305_1174335636549061491_o
122493535_10158593028872305_3479870394110302972_o
122458365_10158593029067305_5509411644625496585_o
122095384_10158593029117305_4108444173966307491_o
122027027_10158593028962305_8181963896075233593_o
121969601_10158593029127305_815809214400701075_o
122033566_10158593029222305_3720680995865280272_o
122133055_10158593028927305_2738751994730183199_o
122443125_10158593028902305_2376503542022252956_o
ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့  ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား ၉  ဦးကို ဒီကနေ့  မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။ ရုံးထုတ်လာတဲ့ ဗကသ ကျောင်းသားတွေအထဲက ဒီနေ့ ရုံးချိန်းမှာတော့  ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်နဲ့ ကိုရဲရင့်အောင်တို့ကို  ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၅ ရက်က မန္တလေးမြို့ စျေးချိုနာရီစင်ရှေ့မှာ အဖိနှိပ်ခံ ရခိုင်ပြည်သူ လူထုနှင့် အတူရပ်တည်ကြ စာတန်းပါ ပိတ်စ ကိုင်ကာ ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။  ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး  အောက်တိုဘာ ၉ ရက်နေ့ကလည်း   အဆိုပါ ကျောင်းသား  ၃  ယောက်ကို ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ) နဲ့ ထောင်ဒဏ်(၁) နှစ် ချမှတ်ထားပါသေးတယ်။ ဒီနေ့ ရုံးချိန်မှာ မန္တလေး နိုင်ငံရေးအင်အားစုတွေက  ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပစ်၊ကျောင်းသားတွေ ချက်ချင်းလွှတ်၊ စစ်တပ်က ထိုးစစ်တွေ ချက်ချင်းရပ် စာသားပါ အင်္ကျီတွေဝတ်ကာ လာရောက်ဝန်းရံခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅  ဦး ရှိနေပြီး ဝရမ်းများကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ အယောက် ၃၀ လောက်ရှိပါတယ်။ Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024