Home
မြန်မာသတင်း
ဆေးရုံတွင် ကလေးမီးဖွားသည့် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
October 22, 2020
122194819_647078775992868_412035804775034870_n (1)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀) မှာ တက်ရောက်မီးဖွားခဲ့တဲ့ အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ပြီး ကလေးငယ်မှာတော့ မတွေ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ပိုး‌တွေ့လူနာအမျိုးသမီးဟာ  အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၇၀၀) မှာ အောက်တိုဘာ ၁၈ ရက်က တက်ရောက်မီးဖွားစဉ် ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး မွေးဖွားတဲ့ကလေးမှာတော့ ပိုးမတွေ့ရှိရဘူးလို့ ကလောမြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ပြောပါတယ်။ လူနာကို အမှတ် (၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀) မှာပဲ ကုသပေးနေပြီး၊ ဆက်စပ်ထိတွေ့မိသူ မိသားစုဝင် ၅ ဦးကိုလည်း ဆေးရုံမှာ အသွားအလာကန့်သတ်ထားမယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာဟာ မီးမဖွားခင်က ကလောမြို့နယ်၊ မြင်းမထီကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာမှာ ၁ လလောက် ပြန်နေခဲ့ပြီး ရွာမှာနေထိုင်တုန်းက လူနာမေးလာကြတဲ့ ထိတွေ့မိသူ ၁၄ ယောက်လောက်ကိုလည်း အောက်တိုဘာ ၂၂ နေ့မှာ နမူနာယူစစ်ဆေးသွားမယ်လို့ ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ ဇဝနကိုက ပြောပါတယ်။ ပိုးတွေ့လူနာနေထိုင်ခဲ့တဲ့ မြင်းမထီကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာကို အောက်တိုဘာ ၂၁ ရက်ကနေ ၃၀ ရက်အထိ လော့ဒေါင်း (အဝင်အထွက်၊ အသွားအလာကန့်သတ်) ချထားတယ်လို့ သိရပြီး ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခြင်းရှိမရှိ မသိရသေးတာကြောင့် ဒေသခံ တချို့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024