ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့၊ ဦးသန့်လမ်းဆုံမှာ မတ် ၄ ရက်၊ မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ်သားတွေကို သတိပေးစာနဲ့အတူ အဝေးထိန်းမိုင်းထည့်ထားတဲ့ စက္ကူပုံး တစ်ခုကို ပြည်သူတစ်ဦးက အမှိုက်ထင်ပြီး ကောက်ယူသွားခဲ့လို့ အသက်မဲ့ မိုင်းအဖြစ် ပြောင်းလဲ ခဲ့ရတယ်လို့ သိရပါတယ်။
Urban Task Force Aung Ban -UTF အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက "ပြည်သူတွေကို ဒီလိုအဖြစ်အပျက်မျိုး သင်ခန်းစာယူစေချင်ပါတယ် ။ အခုတခါကလည်း ကျနော်တို့ ဘက်က အချိန်မီသိရှိလိုက်နိုင်တဲ့အတွက် အဲဒီပြည်သူထိခိုက်ဒဏ်ရာမဖြစ်ခဲ့တာပါ။ နောက်ဆိုရင် ရှမ်းတောင်မှာ စစ်ဆင်ရေး ပိုစိတ်လာတော့မှာ ဖြစ်တဲ့အတွက် မိမိ အန္တရာယ်ကို ကြည့်ရှောင်ကြစေချင်ပါတယ်။ ကျနော်တို့ဘက်က တော်လှန်ရေးအရှိုန် ဒီထက်ပို မြှင့်လာဖို့ပဲ ရှိတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။
နောက်နောင် လမ်းပေါ် အလားတူ မသင်္ကာဖွယ်ပစ္စည်း တွေ့ရှိပါ လူထုအနေနဲ့ မစူးစမ်းဖို့ အောင်ပန်းမြို့ ပြောက်ကျားတပ်စုက သတိပေးစာထုတ်ပြန်ထားပါတယ်။