Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၅၀၀ ကျော် ရှိလာ
DVB
·
October 19, 2020
COVID-19 Mawlamyaing
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရောဂါပိုးတွေ့ရှိသူ ၅ ဦးမှာ မော်လမြိုင် သံလွင်အေး အအေးအခန်းစက်ရုံ ကိုဗစ်လူနာကတဆင့် ရောဂါပိုးကူးစက်ခံရသူ ၁ ဦးနဲ့ ကျန် ၄ ဦးဟာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ရေးမြို့နယ် ခေါဇာလမ်းဝက စစ်ဆေးရေးဂိတ်နဲ့ ကျိုက်ထိုမြို့နယ်က စစ်တောင်း ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိသူ ၅ ဦးစလုံးကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ကုသပေးထားပါတယ်။ မွန်ပြည်နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁၆ ဦး၊ အဲဒီထဲမှာ လူနာ ၉ ဦး သေဆုံးပြီး ဆေးရုံ ဆင်းခွင့်ရသူ ၃၀၀ ကျော် ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024