မိုးကုတ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၀,၀၀၀ ခန့်ရှိ
DVB
·
October 16, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရသူပေါင်း ၁၉,၇၉၆ ဦးရှိပြီး ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ပေးခွင့်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောပါတယ်။
ကြိုတင်မဲပေးခွင့်ရသူတွေဟာ အသက် ၆၀ ကျော် အသက်ရွယ်ကြီးရင့်သူ၊ ရောဂါ ဝေဒနာခံစားနေရသူ၊ မီးဖွားနေသူတွေ၊ မသန်စွမ်းသူတွေ၊ အကျဉ်းစခန်းမှာ အချုပ်ခံနေရတဲ့သူတွေ ဖြစ်ပြီ ရပ်ကျေးကော်မရှင်တွေနဲ့ပူးပေါင်းပြီး ကြိုတင်မဲတွေအတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
မဲရုံကိုလာပြီး မဲမပေးနိုင်သူတွေအတွက် အထွေထွေလူမှုရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်း တွေနဲ့ အိမ်တိုင်ရာရောက် ခိုင်လုံမဲအဖြစ် စည်းကမ်းချက်တွေနဲ့အညီ ထည့်ပေးနိုင်အောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
မဲရုံတွေမှာလည်း Mask တပ်စေတာ၊ သုံးပေခွာစေတာတွေကို ကြက်ခြေနီ၊ မီးသတ်အဖွဲ့ တွေရဲ့ အကူညီယူပြီးဆောင်ရွက်သွားမယ်လို့ ဦးညီညီ ရှောလီဝိုင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
မဲရုံကိုမလာနိုင်တဲ့သူတွေ လာအကြောင်းကြားပါက ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အိမ်တိုင်ရာရောက် မဲထည့်ခွင့်ပေးမယ်လို့လည်း ဆိုပါတယ်။
သတင်း- ဟန်နာထက်အောင်