Home
မြန်မာသတင်း
ဓမ္မဝါဒီစာသင်တိုက်က သီလရှင် ၃၆ ပါး ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ကျောင်းတိုက်ပြန်ကြွ 
DVB
·
October 15, 2020
121118802_746892285900239_1403968257116892911_n
121237780_746892122566922_705552978652548576_o
121335578_746892242566910_4861962163034739405_o
121170170_746892325900235_1234089987228421432_n
121118802_746892285900239_1403968257116892911_n
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ တပ်မတော်ကျန်းမာရေးကုသစင်တာမှာ တက်ရောက်  ဆေးကုသမှုခံယူခဲ့တဲ့   အင်းစိန်မြို့နယ် ဓမ္မဝါဒီစာသင်တိုက်က သီလရှင် ဆရာလေး ၃၆ ပါး ကိုဗစ်-၁၉ ရောဂါကင်းစင်လို့ ကျောင်းတိုက်ကို ပြန်ကြွသွားပြီလို့ သိရပါတယ်။  အောက်တိုဘာ ၁၄ ရက်နေ့က ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ စာသင် တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဆရာလေး ၄ ပါးကတော့ ရက်မပြည့်သေးတဲ့အတွက် စင်တာမှာ ဆက်လက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကစပြီး  ပဓာနနာယကဆရာကြီးနဲ့ ဆရာလေးတွေကို ရောဂါပိုးစစ်ဆေးခဲ့ရာ ဆရာကြီးမှာ ပိုးမတွေ့ရှိဘဲ ဆရာလေးအပါး ၄၀ မှာ ကိုဗစ်-၁၉ ရောဂါပိုး  တွေ့ရှိခဲ့လို့  တပ်မတော်ကျန်းမာရေးကုသစင်တာမှာ ကုသပေးနေတာပါ။ သတင်း- အိသဇင်ခိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024