Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်၌ အန်အယ်လ်ဒီ အောင်နိုင်ရေးသီချင်းဖွင့်သည့် လူငယ် ၁ ဦး ဝါးချွန်ဖြင့် အထိုးခံရ
DVB
·
October 13, 2020
121056038_1811394668998757_5690197158588761477_o
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဒေါ်ဖယ်ကွင်းကျေးရွာအုပ်စု၊ ယိုးဒယားကျေးရွာမှာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အောင်နိုင်ရေးသီချင်းကို မိုဘိုင်းဖုန်းနဲ့ ဖွင့်တဲ့ လူငယ် ၁ ဦးကို ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင်က  ဝါးဦးချွန်နဲ့ထိုးမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ထူးကြီးနယ်မြေ ရဲစခန်းက သိရပါတယ်။ ​ယိုးဒယားရွာ​ နေမောင်ရှိုင်းထက်က "ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က ရွာထဲကနေ ရွာထိပ်ကို လမ်းလျှောက်လာတယ်။ အထိုးခံရတဲ့ အစ်ကိုက အောင်နိုင်ရေးသီချင်းကို တယ်လီဖုန်းနဲ့ဖွင့်လာတယ်။ အဲမှာ ထိုးတဲ့သူနဲ့ လမ်းမှာတွေတော့ မင်းတို့ငါ့ကိုမခန့်တာ လားဆိုပြီး ရန်တွေ့တယ်။ သူ့မိန်းကဆွဲတော့ ပြန်လိုက်သွားတယ်။ ကျနော်တို့ကလည်း ရွာထိပ်ဆိုင်ကယ်ပြင်ဆိုင်ပေါ်မှာ ထိုင်နေတုန်း ဝါးဦးချွန်နဲ့ထိုးတဲ့သူက ပြန်လာပြီး အတင်းထိုး ထွက်ပြေးသွားတယ်။ အခု ကျနော် အစ်ကိုကတော့ ထူးကြီးဆေးရုံမှာ ဆေးကုနေရတယ်"လို့ ပြောပါတယ်။ အထိုးခံရတဲ့လူငယ်ဟာ အသက် (၁၈)နှစ် အရွယ်ရှိပြီး  လက်ဝဲပေါင်ထိပ်ဆီးခုံ ဘေးကို အထိုးခံရပြီး တစ်လက်မခွဲလောက်မြုပ်သွားပြီး  ထူးကြီးတိုက်နယ်ပြည်သူဆေးရုံမှာ ဆေးကုသမှုခံယူနေရကာ ဒဏ်ရာ  မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်္ဂပူမြို့နယ် ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက "ဟုတ်ပါတယ်။ ကိုတင့်လွင်ဦးပါ သူကရပ်ကျေးပါတီဝင်ပေါ့ဗျာ။ အခုတော့ သူရွာမှာမရှိဘူး သိရတယ်။ ဖြစ်စဉ် အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ "ကလေးက အမျိုးသားဒီမိုကရေစီထောက်ခံသူပါ။ အခုလိုဖြစ်တော့ ဥပဒေကြောင်းအရ အရေးယူပေးဖို့ ထူးကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်"လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပုဒ်မ  ၃၂၄ ချွန်ထက်သော လက်နက်နဲ့နာကျင်စေမှုနဲ့ ညတွင်းချင်း အမှုဖွင့်ထားပြီး တရားခံကတိမ်းရှောင်နေလို ဖမ်းဆီးမိရေး ဆောင်ရွက် နေတယ်လို့ ထူးကြီးနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်စံသိန်းဦးက  ပြောပါတယ်။ သတင်း- သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024