ခန္တီးမြို့တွင် NLD ဝန်းရံသူများ စက်လှေအစီး ၅၀ ဖြင့် ချင်းတွင်းမြစ်အတွင်း အင်အားပြ
DVB
·
October 11, 2020
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ NLD ပါတီ ဝန်းရံသူ ၁၀၀ ကျော်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက စက်တက်လှေအစီး ၅၀ နဲ့ ချင်းတွင်းမြစ်အတွင်း လှည့်လည်အင်အားပြကြပါတယ်။
ခန္တီးမြို့ NLD ပါတီ ထောက်ခံဝန်းရံသူ ဦးအောင်ဆန်းလင်းက “အခုက ကျနော်တို့ ပြည်သူတွေကနေ NLD ပါတီ ဝန်းရံထောက်ခံတဲ့အနေနဲ့ အင်အားပြ လုပ်ဆောင်တာပါ။ ခန္တီးမြို့ ချင်းတွင်းမြစ်မှာ စက်တပ်လှေတွေ၊ စက်လှေအကြီးတွေနဲ့ ချင်းတွင်းမြစ်ထဲ အင်အားပြအနေနဲ့ လုပ်ဆောင်တယ်” လို့ ပြောပါတယ်။
အင်အားပြရာမှာ ပါဝင်ခဲ့တဲ့ စက်လှေပိုင် ဦးမြင့်သိန်းက “ခန္တီးမြို့ NLD အောင်နိုင်ရေးကို အထောက်ကူဖြစ်လို့ အင်အားပြတဲ့အနေနဲ့ လုပ်ဆောင်တာပါ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ခန္တီးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ(တိုင်းသျန်)သွေးစည်းညီညွတ်ရေး ပါတီ၊ တိုင်းလှိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးရေးပါတီ၊ နာဂအမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အောင်ဆန်းမြင့်