Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ နယ်စပ်တွင် အင်အား ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 11, 2020
Myanmar-India border Earthquake
တမူးမြေငလျင်စခန်းမှ အနောက်မြောက် ၅၁ ခန့် ကွာဝေးတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ အင်အား ၅ ဒသမ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၈) မိနစ်၊ (၀၂) စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အနောက်‌မြောက်ဘက် ၅၁ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် ၂၄.၆၁ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၃.၆၁ ဒီဂရီ၊ အနက် ၇၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024