Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် အထူးရဲနှင့်ယာဉ်မောင်းများကို ကိုဗစ်-၁၉ စစ်ဆေး၊၂ ဦး ပိုးတွေ့
DVB
·
October 10, 2020
120949484_647183762651049_2892425476555361289_o
ကရင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက်နေ့က အထူးရဲနဲ့ ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ စစ်ဆေးတာမှာ ၂ ယောက် ပိုးတွေ့ခဲ့တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ RDT test kit နဲ့ စစ်ဆေးနေတာဖြစ်ပြီး ဘားအံမြို့နယ် သစ္စာထွန်းဆီဆိုင် စစ်ဆေးရေးဂိတ်(ဒုံသမိ)မှာ ကုန်တင်ယာဉ်မောင်းယာဉ်နောက်လိုက်တွေကို စစ်ဆေးရာကနေ ၁ ယောက်၊ သံတောင်ကြီးမြို့နယ်က အထူးရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးရာကနေ ၁ ယောက် တွေ့ခဲ့ရတာပါ။ မနေ့ကညနေအထိ ကရင်ပြည်နယ်ထဲမှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၆ ယောက် တွေ့ထားရပြီး ၁ ယောက်သေဆုံးခဲ့သလို လက်ရှိဆေးရုံတွေမှာတော့ ၁၆ ယောက် ရှိနေပါတယ်။ အောက်တိုဘာ ၈ ရက်ကလည်း မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာကနေ ပိုးတွေ့လူနာ ၁ ယောက်၊ ကော့ကရိတ်မြို့နယ်မှာ အထူးရဲတွေကို စစ်ဆေးရာကနေ ၁ ယောက် တွေ့ခဲ့ရပါတယ်။ ကရင်ပြည်နယ်မှာ ပိုးတွေ့လူနာတွေ တွေ့နေရပြီး ရောဂါကူးစက်တာ မြန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကျင့်သုံးနေထိုင်ကြဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024