Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဒုတိယအကြိမ်မဲစာရင်းတွင် မဲဆန္ဒရှင် ၁၂၀,၀၀၀ ကျော် ထပ်တိုး
DVB
·
October 9, 2020
ShanUEC2020
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်အတွင်း ဒုတိယ အကြိမ်မဲစာရင်းကြေညာရာမှာ  မဲဆန္ဒရှင် အရေအတွက်   ၁၂၀,၀၀၀ ကျော် ထပ်တိုးတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကြေညာပေးသွားမယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။ ဒုတိယ အကြိမ်မဲစာရင်းကပ်ကြေညာရာမှာ ရှမ်းပြည်နယ်အတွင်း မဲစာရင်း ၃,၆၆၆,၀၀၀ ကျော် ရှိပြီး မဲရုံပေါင်း ၃၆၇၅ ရုံစီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလဖြစ်ပေမယ့် မဲရုံတိုးတာတွေ မရှိဘဲ မဲပေးတဲ့မဲရုံမှာပဲ အဆိုင်းခွဲပြီး စီစဉ်ထားတယ်လို့ ဦးထင်ကျော်က ပြောပါတယ်။ မဲရုံပေါင်း ၃၆၇၅ ရုံထဲမှ အဆိုင်းတစ်ဆိုင်း စီစဉ်ထားတဲ့မဲရုံက ၁၀၄၈၊ အဆိုင်း နှစ်ဆိုင်း စီစဉ်ထားတဲ့မဲရုံက ၃၁၄ ရုံနဲ့ အဆိုင်းသုံးဆိုင်း စီစဉ်ထားတဲ့မဲရုံက ၄ ရုံရှိပါတယ်။ မဲရုံတစ်ရုံမှာ မဲစာရင်း ၁၀၀၀ နဲ့ ၁၅၀၀ ကြားဆိုရင် အဆိုင်းတစ်ဆိုင်း စီစဉ်ပြီး၊ မဲစာရင်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာ အဆိုင်းနှစ်ဆိုင်းနဲ့ မဲစာရင်း ၂၀၀၀ အထက်ဆိုရင် အဆိုင်းသုံးဆိုင်း စီစဉ်ထာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာ မြို့နယ် ၅၅ မြို့နယ်ရှိပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၅ မြို့နယ်ရှိတယ်လို့ သိရပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024