ကိုဗစ်-၁၉ ကာလ ပရိသတ်အတွက် ပိုင်တံခွန်ဖန်တီးရေးဆွဲထားသည့် ပန်းချီလက်ရာ(ဓာတ်ပုံ)
DVB
·
October 9, 2020
နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်က ကိုဗစ်-၁၉ ရောဂါကပ်ဘေး စတေးဟုမ်းကာလမှာ နေအိမ်မှာ နေထိုင်ရင်း စိတ်ဝင်စား ဝါသနာပါရာ အလုပ်တွေကို လုပ်ကိုင်ရင်း ဖြတ်သန်းနေပါတယ်။
လတ်တလောမှာတော့ ပိုင်တံခွန်က ပန်းချီဆွဲနေတာဖြစ်ပြီး အဲဒီပန်းချီကားကို တော့ “Defender”လို့ အမည်ပေးထားခဲ့ကာ “ပရိသတ်ထဲက တယောက်ယောက်တော့ ပိုင်ဆိုင်သွားမယ်ထင်ပါတယ် 🖤”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတ ဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
ကော့သောင်းမြို့ဇာတိ အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်ဟာ ၂၀၁၄ ခုနှစ်လောက်က စတင်ပြီး Runway Model တယောက်အဖြစ်နဲ့ အနုပညာလမ်းကြောင်း ပေါ် လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။
သန်းခေါင်ယံခရီးသည်များ ၊ Bad Boys 2 စတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်ဟာ သရုပ်ဆောင်အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေပြီး “ချစ်သူ”အ မည်နဲ့ မီနီအယ်လ်ဘမ်တချပ်လည်း ထွက်ရှိထားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ပိုင်တံခွန်ဟာ မြန်မာပရိသတ်တွေသာမက ထိုင်းအမျိုးသမီးပရိ သတ်တွေကြားမှာပါ ရေပန်းစားနေသူ တဦးဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ လတ်တလောအချိန်ထိ အားပေးကြတဲ့ ပရိသတ်(Followers) တသန်းခွဲကျော် ရှိနေပြီ ဖြစ်ပါတယ်။
မော်ဒယ်တယောက်အဖြစ်နဲ့ အစောပိုင်း အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ ပိုင်တံခွန်ဟာ နောက်ပိုင်းမှာတော့ ဂီတနဲ့ သရုပ်ဆောင်အနုပညာအလုပ်တွေ၊ စီးပွားရေး ကြော်ငြာပေါင်းများစွာမှာပါ ရိုက်ကူးအောင်မြင်နေခဲ့ပြီ ဖြစ်ပါတယ်။
တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ပိုင်တံခွန်ဟာ သိပ်မကြာခင်ကလည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က မိတ်ဆက်ထားတဲ့ တိရစ္ဆာန်လေးတွေကို ယာယီမွေးစားနိုင်မယ့် “Animal Adoption” အစီအစဉ်မှာ ပါဝင်လှူဒါန်းမှုတခု လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒီအစီအစဉ်မှာတော့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရဲ့ စတားအသက် ၆၇ နှစ်အရွယ် ဆင်မကြီး မိုမိုကို ၃ လ ယာယီမွေးစားခဲ့တာ ဖြစ်ပါတယ်။