ကိုဗစ်-၁၉ ကာလ ပန်းချီဆရာများကို ကူညီရန် ပန်းမဏ္ဍလာ အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်
မောင်တူး
·
October 21, 2020
ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ ပန်းချီပြပွဲတွေ ပြုလုပ်ခွင့်မရတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပန်းချီဆရာမိသားစုတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ အွန်လိုင်း ပန်းချီပြပွဲ ကျင်းပဖို့ ရှိနေပါတယ်။
ပန်းမဏ္ဍလာအွန်လိုင်း ပန်းချီပြပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်ကနေ ၂၇ ရက် အထိ ၅ ရက်ကြာ ပြုလုပ်သွားမယ်လို့ အွန်လိုင်းပြပွဲကို ဦးဆောင်သူ ပန်းချီကျော်မိုးအောင်က ပြောပါတယ်။
ပန်းချီဆရာ ၁၀၀ ရဲ့ ပန်းချီကား ၁၀၀ ကျော် စုစည်းပြသမယ့် ဒီပြပွဲကို Artissmile ပြခန်း https://www.facebook.com/Artissmile-Art-House-704002526611931 စာမျက်နှာနဲ့ https://www.facebook.com/kyaw.moeaung.92351 ပန်းချီကျော်မိုးအောင်ရဲ့ လူမှုကွန်ရက် စာမျက်နှာတို့မှာ ပြသထားမှာပါ။
ဈေးနှုန်းတွေကိုလည်း ပန်းချီကားတွေနဲ့ အတူ ကြေညာထားပြီး ပန်းချီကားရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အကူအညီလိုအပ်နေတဲ့ ပန်းချီဆရာမိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။