ကိုဗစ်-၁၉ ကာလ ပူတာအိုရှိ မိဘမဲ့ကလေးဂေဟာက ကလေးငယ်များ စားဝတ်နေရေးခက်ခဲနေ
DVB
·
August 28, 2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လေယာဉ်ကွင်း (၂) ရပ်ကွက်မှာ ဖွင့်ထားတဲ့ မေတ္တာပန်းဥယျာဉ်ဂေဟာက မိဘမဲ့ကလေးတွေဟာ စား၀တ်နေရေး အခက်ခဲတွေရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက အသင်းတော်တွေဆီက အလှူငွေတွေ ရရှိခဲ့ပေမဲ့ ဒီနှစ်တော့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ရံပုံငွေ မရတာကြောင့် စား၀တ်နေရေးအခက်ခဲတွေ ရှိတယ်လို့ ဂေဟာ တာ၀န်ခံဆရာမ ဒေါ်အားနာက ပြောပါတယ်။
ဒါ့အပြင်မိုးတွင်းကာလမှာ စားဖိုဆောင်လည်း မိုးယိုနေလို့ အခက်အခဲ ရှိနေသလို မိုးကာလ ဂေဟာသို့ဆက်သွယ်ထားတဲ့ လမ်းအခက်ခဲရှိနေပြီး မိဘမဲ့ကလေးတွေအတွက် ကျောင်းသုံး စာရေးကိရိယာတွေ လိုအပ်နေပါတယ်။
"မိဘမဲ့ ကလေးတွေက အနှိမ်ခံရတယ်၊ ဒီလိုဘ၀ ကနေ လွတ်မြောက်လာအောင်၊ သူတို့လေးတွေရဲ့ဘ၀ကို ပြုပြင်ပြောင်းလဲပေးဖို့ ဖြစ်တယ်"လို့ တာ၀န်ခံဆရာမ ဒေါ် အားနာက ဆိုပါတယ်။
တချို့ကလေးတွေက မိဘရှိရဲ့သားနဲ့ ဂေဟာမှာ လာအပ်ကြပြီး တကယ် အခက်အခဲရှိတဲ့ ကလေးတွေနဲ့ အနေဝေးပြီး တကယ်အဆင်မပြေတဲ့ ကလေးတွေကိုသာ ဂေဟာမှာ လက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။
မေတ္တာပန်းဥယျာဉ်ဂေဟာကို ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ကလေးငယ် ၁၈ ဦးကို စောင့်ရှောက်ထားပါတယ်။
သတင်း- ဖေနောင်းအောင် (ပူတာအို)