Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် ထောက်ခံသူများ လှည့်လည်အင်အားပြ 
DVB
·
October 8, 2020
121006588_1806506072820950_1841137944013327121_n
120955231_1806506229487601_6930417976673432891_n
120930261_1806506182820939_1641224425336074510_n
120926721_1806505999487624_923697705535266229_n
120897474_1806586106146280_9140965008848701174_n
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့ ပြည်သူတွေနဲ့ ပါတီဝင်တွေစုပေါင်းပြီး မြို့နယ်တွင်းမှာ လှည့်လည်အင်အားပြခဲ့ကြပါတယ်။ လှည့်လည် အင်အားပြသူတွေဟာ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေနဲ့ စုပေါင်းပြီး အောက်တိုဘာ ၈ ရက်က လည်လှည့်ခဲ့ကြတာပါ။ "အဓိကတော့ အောင်နိုင်ရေးအတွက် အင်အားပြတာပါ။ ပါတီဝင်တွေနဲ့ပါတီကို ထောက်ခံတဲ့ ပြည်သူတွေစုပေါင်းပါဝင်ခဲ့ကြတာပါ"လို့ မြို့နယ် ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။ လူစုလူဝေးနဲ့ မဲဆွယ်စီတန်းလှည့်လည်တဲ့အပေါ် သဘောထားမှတ်ချက်မပေးလိုဘဲ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးစေချင်တယ်လို့ အင်္ဂပူမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။ အင်္ဂပူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးက "ကျနော်တို့အနေနဲ့ ခု ကိုဗစ်ကာလမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပါဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီတွေအားလုံးကို မေတ္တာရပ်ခံစာပို့ထားပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ လက်ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နဲ့ အရင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့ အဓိကဝင်ရောက်ယှဉ်ပြိုမှာဖြစ်ပြီး အားပြိုင်မှု အများဆုံးဖြစ်ပါတယ်။ အင်္ဂပူမြို့နယ်မှာ တသီးပုဂ္ဂလိက ၂ ဦးအပြင် ပါတီ ၆ ခုက ရွေးကောက်ပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး အရင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လည်း ဒီနေ့ သူ့ရဲ့မွေးရပ်မြေ အင်္ဂပူမြို့နယ်ကို ရန်ကုန်က လာဖို့ရှိနေတယ်လိုလည်း သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွေမှာ ပါတီတွေကို ထောက်ခံတဲ့သူတွေက လူစုလူဝေးနဲ့ မဲဆွယ်တာတွေ အောင်နိုင်ရေးလှည့်လည်တာတွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သတင်း - သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024