တောင်ဒဂုံတွင် Quarantine ဝင်နေသူ ၄၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
October 8, 2020
ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်ရှိ အ.ထ.က ၂ စာသင်ကျောင်းမှာ Quarantine ဝင်နေတဲ့ ၄၇ ဦးကို အောက်တိုဘာ ၇ ရက်က ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ၄၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ တင်တင်ဆွေက ပြောပါတယ်။
ပိုးတွေ့ရှိသူ ၄၂ ယောက်ထဲမှာ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦးပါဝင်ပြီး ထိတွေ့သူ အယောက် ၁၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ အခုအခါမှာ လူနာသစ်အားလုံးကို သက်ဆိုင်ရာဆေးရုံတွေမှာ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။
ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်မှာ အောက်တိုဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း အယောက် ၂၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၈ ဦးရှိတယ်လို့ သိရပါတယ်။