Home
မြန်မာသတင်း
မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
October 7, 2020
120705814_3388843827921277_8701407096573852219_o
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပြည်သာယာ (တောင်)၄ လမ်းနဲ့  ၅ လမ်းအကြားမှာ အောက်တိုဘာ ၆ ရက်မနက် ၂ နာရီက ညမထွက်ရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး သွားလာနေသူ ရန်နိုင်ဦး အပါ ၃ ဦးကို မိတ္ထီလာမြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီချမှတ်လိုက်ပါတယ်။ မိတ္ထီလာအမှတ်(၃)ရဲစခန်း စခန်းမှူးရဲအုပ်ဝင်းမြင့်ဦးက “ သာစည်မြို့နယ်ဘက်က လာတဲ့ သူတွေပါ။ ဒီနေ့မနက် ၂နာရီလောက် အချိန်မတော်ကြီးမှာ လှည့်ကင်းလှည့်တဲ့အဖွဲ့နဲ့တွေ့တာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလို လုပ်ပါတယ်"လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ်မှာ စက်တင်ဘာလအတွင်း ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူ တွေကို အပြစ်ဒဏ်ချမှတ်ခဲ့တာဟာ စက်တင်ဘာလ ၄ ရက်က ၄ ဦး၊ စက်တင်ဘာ ၈ ရက်နေ့က ၆ ဦး၊ စက်တင်ဘာ ၁၄ ရက်က ၃ ဦး စုစုပေါင်း ၁၃ ဦးရှိခဲ့ပါတယ်။ အောက်တိုဘာလထဲမှာ အခုအမိန်ချတဲ့ ၃ ဦးအပါနဲ့ ဆိုရင်  ၂ လပေါင်း ၁၆ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ညမထွက်ရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြသူ ၃ ဦးဟာ သာစည်မြို့နယ် ယင်းမာရိုးရွာက ဖြစ်ပြီး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။ သတင်း/ဓာတ်ပုံ-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024