Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်၌ တိုက်ပွဲများပြန်ဖြစ်နေသဖြင့် ​ဒေသခံရွာသားများ စစ်ဘေးရှောင်
DVB
·
October 7, 2020
120734785_3616723651711251_5863524981558273407_n
120731558_3616722808378002_7332663249046337419_n
120727733_3616723551711261_1394420861023672856_n
120727733_3616722478378035_406222120412738138_n
120726737_3616722541711362_5605685085296696395_n
120724866_3616722708378012_8707397132971139328_n
120720046_3616722995044650_9156698282118590837_n
120579488_3616722891711327_6924885477418948329_n
အန်စီအေ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့   တပ်မတော်တို့အကြား  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်ပွား​နေတာကြောင့်  ​ဒေသခံရွာသား ၈၀၀ ကျော် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ခုရက်ပိုင်းအတွင်း  စစ်ဘေးရှောင်လာသူ လူဦး​ရေ ၈၁၅  ယောက်ဟာ ​တောင်ထိပ်ရွာနဲ့  ပုံဟိုးဘုန်းကြီး​ကျောင်းမှာ ခိုလှုံနေကြတယ်လို့  ကျောက်မဲ တိုက်ပွဲ​ရှောင်ကော်မတီဝင် ကိုသား​ဇော် က ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို  သီပေါ၊ ကျောက်မဲ၊ နောင်ပိန်ရှိ အရပ်ဖက်အဖွဲအစည်းတွေက ကူညီ​ထောက်ပံ့​ပေးနေပြီး နှစ်ရက်၊ သုံးရက်အတွက် အဆင်​ပြေ​ပေမယ့် လူဦး​ရေများတဲ့အတွက်  ရက်ရှည် ​ထောက်ပံ့နိုင်ဖို့ မဖြစ်နိုင်​ဘူးလို့  ​ပြောပါတယ်။ ကျောက်မဲမြို့နယ် ရင်ကွဲတောင်အနီး အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီ​ကျော်က  တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်က   နားပြိန်းကျေးရွာအုပ်စုလွယ်ဆာမှာ သေနတ်သံတွေ ကြားရပြီး  လက်ရှိအချိန်အထိ စစ်​ရေးအ​ခြေအ​နေ တင်းမာ​နေ​တယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းလွမ့်ခေးက ပြောပါတယ်။ ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး  တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျလို့  အမျိုးသားတစ်ဦး ဒဏ်ရာရသွားပါတယ်။ သတင်း- Pra Jaw ဓာတ်ပုံ- စိုင်းလွမ့်​ခေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024