ကလော စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် ကိုဗစ်-၁၉ စတင်စစ်ဆေး၊ ၁ ဦး ပိုးတွေ့
DVB
·
October 3, 2020
အောက်တိုဘာ ၃ ရက် မနက်က ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ကလောမြို့နယ် ရေယားရွာအနီးမှာ Rapid Test Kit နဲ့ စတင်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ၁ ဦးမှာ ပထမဆုံး ပိုးတွေ့ရှိခဲ့တယ်လို့ ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ပြောပါတယ်။
“ပိုးတွေ့ရှိသူဟာ ရန်ကုန်ဘက်က ကုန်တင်ယာဉ်မောင်းနှင်လာသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ ဒီနေ့ စစစ်ပေးနေတာ လွန်ခဲ့တဲ့ တနာရီလောက်ကတော့ အယောက် ၁၄၀ ကျော်ရှိပြီ။ နောက် ၂၀၀ လောက်တန်းစီနေတယ်။”
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွာရန်တင်းစင်တာမှာလည်း အောက်တိုဘာ ၂ နေ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကြေညာချက်အရ ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိထားပါတယ်။