Home
မြန်မာသတင်း
မြင်းခြံခရိုင်အတွင်း ဆန္ဒမဲပေးမည့်သူ ၇ သိန်းခန့်ရှိ
DVB
·
October 3, 2020
MyinGyan Election Voter 7 million
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးမယ့်သူ ၇ သိန်းလောက် ရှိတယ်လို့ မြင်းခြံခရိုင် ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။ မြင်းခြံခရိုင် ၄ မြို့နယ်မှာ ဆန္ဒမဲပေးမယ့် မဲရုံ မြင်းခြံမြို့နယ်က ၂၇၆ ရုံ၊ တောင်သာမြို့နယ်က ၃၂၂ ရုံ၊ နွားထိုးကြီးမြို့နယ်က ၂၂၀ ရုံနဲ့ ငါန်းဇွန်မြို့နယ် ၁၄၂ ရုံ စုစုပေါင်းမဲရုံ ၉၆၀ ရှိတယ်လို့ သိရပါတယ်။ ခရိုင်တခုလုံးမှာ ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒရှင် ၆၉၀၈၅၃ ရှိနေပြီး ပထမအကြိမ် မဲာရင်းကြေညာတုန်းကထက် ဒုတိယအကြိမ်မှာ ၆၅၀၀ လောက် တိုးလာတယ်လို့ သိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မြင်းခြံခရိုင် ပါတီ ၇ ပါတီက လွှတ်တော်ကိုယ်စားလှယ် ၆၄ ဦး ပါဝင်ယှဉ်ဖို့ ရှိတယ်လို့ ခရိုင်ကော်မရှင်က သိရပါတယ်။ မြင်းခြံခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်က “မြင်းခြံခရိုင်မှာ ၂၀၁၀ တုန်းကလည်း ကော်မရှင် ဥပဒေနဲ့အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်၊ ဘာပြဿနာမှ မရှိခဲ့ဘူး။ အခု ၂၀၂၀ မှာလည်း ကော်မရှင် ဥပဒေနဲ့အညီ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ သတင်း - ဇာဇာမောင်(CJ)၊ (အစည်းအဝေးဓာတ်ပုံ-ကျော်စွာဟိန်း-ပြန်/ဆက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024