Home
မြန်မာသတင်း
ဟင်္သာတမြို့က ကံထူးရှင် ထီ ၂ စောင်ထိုးပြီး ကျပ်သိန်း ၁၅၀၀၀ ပေါက် 
DVB
·
October 1, 2020
120222712_954938648323812_1205588325747289825_n
120369665_3496454747066993_3616149946719097166_n
ဒီမနက် ထွက်ရှိတဲ့ အကြိမ် ၂၀ မြောက် အောင်ဘာလေထီ ကျပ် သိန်း ၁၅၀၀၀ ဆုကို  ဟင်္သာတမြို့နယ်၊ သုံးခွ ကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ကိုခင်မောင်ညွှန့်က ဆွတ်ခူးရရှိသွားပါတယ်။ လစဉ်လတိုင်း ထီ ထိုးလေ့မရှိပေမယ့် အခုလမှာစိတ်ထဲမှာထီထိုးချင်စိတ်ပေါ်လာပြီး ထီ ၂ စောင်သွားရောက်ထိုးခဲ့ရာကနေ ခုလို ထီပေါက်ခဲ့တာဖြစ်တယ်လို့ ကံထူးရှင် ကိုခင်မောင်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။ "ပုံမှန်တော့ ထီထိုးလေ့မရှိဘူး ဒီလတော့ ထိုးချင်စိတ်ရှိတာနဲ့ ၂ စောင်သွားထိုးတာ၊ သိန်း  တစ်သောင်းခွဲပေါက်တယ်လို့ ထီဆိုင်ကဆက်သွယ်လာတယ်။ ဖုန်းအဆက်အသွယ်မရဘူးဆိုပြီး ပထမဖြစ်သွားတာက ထီဆိုင်ကို ပေးခဲ့တဲ့ ဖုန်းက နံပါတ်လွဲနေလို့ပါ၊ ခုတော့ အဆက်အသွယ်ရပါတယ်၊ ဝမ်းသာလွန်းလို့ ထမင်းတောင် မစားနိုင်ပါဘူး"လို့ ပြောပါတယ်။ ကံထူးရှင် အသက် ၅၂ နှစ်အရွယ် ကိုခင်မောင်ညွန့်ဟာ ဇနီးဖြစ်သူနဲ့ အတူ သားသမီး ၅ ဦးရှိပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကာ ထီးပေါက်တဲ့ငွေတွေကို ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ လမ်းတွေကို ပြုပြင်ပေးသွားမှာဖြစ်ပြီး တခြားလိုအပ်တဲ့နေရာ တွေကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ အောင်ဘာလေထီ ဆုကြေး သိန်း ၁၅၀၀၀ အဖြစ်ပြောင်းလဲသတ်မှတ်ပြီးနောက်ပိုင်း ဟင်္သာတမြို့က ကျပ်သိန်း ၁၅၀၀၀ ကံထူးရှင် ၃ ဦးထွက်ပေါ်လာခဲ့ပြီး ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်ဟာလည်း  သိန်း ၁၅၀၀၀ ဆုကို ဒုတိယအကြိမ် ကံထူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024