Home
မြန်မာသတင်း
မကွေးတိုင်းမှ  သမားတော်ကြီး ၅ ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၉ ဦး ရန်ကုန်သို့စေလွှတ် 
DVB
·
September 30, 2020
120216918_2428514207450026_8319330384782024713_n
မကွေးတိုင်းက သမားတော်ကြီး ၅ ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၉ ဦးကို ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွေဆောင်ရွက်ဖို့   စက်တင်ဘာ ၂၉ ရက်က  ရန်ကုန်တိုင်းသို့ စတုတ္ထအကြိမ် ထပ်မံစေလွှတ်ထားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့အတွက် မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်းတွေကို ပထမအကြိမ်မှာ ၂၉ ဦး၊ ဒုတိယအကြိမ်မှာ ၅ ဦး၊ တတိယအကြိမ်မှာ ၃၀ ဦး၊ စတုတ္ထအကြိမ်မှာတော့ သမားတော်ကြီး ၅ ဦး၊ လက်ထောက်ဆရာဝန် ၁ ဦး၊ ကျန်းမာရေးမှူး ၃ ထပ်မံစေလွှတ်ထားတယ်”လို့ ​ပြောပါတယ်။ နောက်ထပ်ပို့မပို့ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးပို့မှာဖြစ်ပြီးတော့ နေထိုင်စားသောက်ရေးအတွက်ကတော့ သက်ဆိုင်ရာကုသမှုပေးတဲ့ စင်တာတွေအလိုက် တာဝန်ခံတွေကနေ တာဝန်ယူဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းက  ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ရန်ကုန်တိုင်းကိုသာမက  ရခိုင်ပြည်နယ်ကိုလည်း စေလွှတ်ထားပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024