လွိုင်ကော် မီးရထားဘူတာဝင်းအတွင်း မီးလောင်
နော်နိုရင်း
·
September 29, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မီးရထားဘူတာဝင်း အတွင်း ဒီကနေ့မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှုဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
မြန်မာ့မီးရထား ဝန်ထမ်းလိုင်းခန်းမှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦးက ထင်းမီးနဲ့ ဟင်းအိုးတည်ထားရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
လွိုင်ကော်ခရိုင်နဲ့ မြို့နယ်က မီးသတ်ကား ၆ စီးနဲ့ ရေသယ်ယာဉ်တွေ အပါအဝင် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုကြောင့် ပျဉ်ခင်း၊ သွပ်မိုးထရံကာ တစ်ထပ် ဝန်ထမ်းလိုင်းခန်းနဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့ တရိစ္ဆာန် ထိခိုက်မှုမရှိပါဘူး။
မီးကို ပေါ့ဆစွာအသုံးပြုသူ ဒေါ်ဆယ်တင်ကို အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့မရဲစခန်းမှူး ကျော်လင်းထွန်းက ပြောပါတယ်။