Home
မြန်မာသတင်း
မကွေးတိုင်းတွင် ရန်ကုန်မှ ပြန်လာသူ ၃ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
September 29, 2020
120218473_2427839284184185_885850110606526512_o
မကွေးတိုင်းဒေသကြီးအတွင်း  ၃ မြို့နယ်က ရန်ကုန်ပြန် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးမှာ စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ရေနံချောင်းမြို့နယ်က အသက် ၂၀ နှစ် အမျိုးသမီး ၁ ဦး၊ မြို့သစ် မြို့နယ်က အသက် ၃၁ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ မင်းလှမြို့နယ်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရန်ကုန်က ပြန်လာတာဖြစ်ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့  မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ "ရေနံချောင်းမြို့နယ်က လူနာကတော့ မြို့နယ်ဆေးရုံမှာ ရောက်ပြီးသားမို့ အဲဒီဆေးရုံမှာပဲ သီးခြားကုသမှာဖြစ်ပြီးတော့ မင်းလှမြို့နယ်နဲ့ မြို့သစ်မြို့နယ်က လူနာတွေကိုတော့ မကွေးတိုင်း ဆေးရုံကြီးမှာကုသပေးမှာဖြစ်တယ်။ ဒါ့အပြင်လူနာတွေနဲ့ ထိစပ်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေရာယူကာ ဓာတ်ခွဲနမူနာပေးပိုး စစ်ဆေးတာတွေ လုပ်မယ်လို့"ပြောပါတယ်။ မကွေးတိုင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဦးတွေ့ရှိထားပြီး ဒီကနေ့ ကျန်းမာရေးကောင်းမွန်လို့ မကွေးမြိုနယ်ထဲက ဆေးရုံဆင်းခွင့်ရသူ ၇ ဦး အပါအဝင် စုစုပေါင်း ၂၁ ဦး ဆေးရုံဆင်းခွင့်ရထားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024